ဂီတပညာရှင် ဦးစောနု အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရ

## ဂီတပညာရှင် ဦးစောနု အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရ
>>
ဂီတလောကမှာ မျိုးဆက်သစ် အဆိုတော်ပေါင်းများစွာကို မွေးထုတ်သင်ကြားပေးခဲ့တဲ့ ဂီတပညာရှင် ဦးစောနုဟာ ရမြောက်ဥက္ကလာ၊ မေဒါဝီဆေးရုံမှာ အသည်းကင်ဆာရောဂါနဲ့ ဧပြီ ၄ ရက် ညနေက ကွယ်လွန်သွားကြောင်း သိရပါတယ် ။
ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်ပါတယ် ။ ဦးစောနု ဟာ တေးဂီတ လောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် ပေါင်းများစွာ ကိုမွေးထုတ်ပေးခဲ့တဲ့ ရခိုင်လူမျိုး အနုပညာရှင်ကြီး ဖြစ်ပါတယ် ။