ဂျပန်နိုင်ငံတွင် ကြက်ငှက်တုတ်ကွေးရောဂါ ဆိုးရွာနေ

98

ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းကြောင့် ကြက်တွေကို သုတ်သင်ခဲ့ရပြီး ကြက်ဥဈေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။


၂ဝ၂၂ ခုနှစ် အောက်တိုဘာလက ကြက်ငှက်တုပ်ကွေးရာသီ စတင်ချိန်မှစတင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြက်အကောင်ရေ ၁၇ သန်းကျော် သုတ်သင်ခဲ့ရခြင်းကြောင့် အခုအခါ ကြက်အသေများကို မြှုပ်နှံဖို့နေရာ မရှိတော့ဘူးလို့ သိရပါတယ်။ 


ရောဂါပိုးမပြန့်ပွားစေဖို့ (သို့မဟုတ်) ညစ်ညမ်းသောရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းများ မရှိစေဖို့ ကြက်အသေကောင်တွေကို စနစ်တကျစွန့်ပစ်ဖို့ လိုအပ်ပါတယ်။ ဒေသဆိုင်ရာအစိုးရများနဲ့ လယ်သမားတွေက ကြက်တွေကို မြှုပ်နှံဖို့ သင့်လျော်တဲ့ မြေနေရာ ရှားပါးနေကြောင်း ဆိုပါတယ်။


အထူးသဖြင့် ကမ္ဘာတစ်ဝန်းလုံး ကြက်ငှက်တုပ်ကွေးကြောင့် ကြက်သေဆုံးမှု စံချိန်တင် မြင့်မားလာနေပြီး နိုင်ငံ များအနေနဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေကြောင်း ဂျပန်နိုင်ငံရဲ့ဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။ 


ဥရောပ၊ အမေရိက နဲ့ အာရှမှာ အဓိကအားဖြင့် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပေမယ့်လည်း မကြာသေးမီလများ အတွင်း တောင်အမေရိကသို့ ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ဘိုလီးဗီးယားတို့မှာ ၎င်းတို့ရဲ့ ပထမဆုံး ရောဂါဖြစ်ပွားမှုကို အစီရင်ခံခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုမြင့်မားလာမှာကို စိုးရိမ်နေတဲ့အချိန်မှာ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အသားနဲ့ ကြက်ဥ ထောက်ပံ့မှုကို နှောင့်နှေးစေပါတယ်။ 


ဂျပန်နိုင်ငံမှာ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားနေမှုဟာ McDonald's နဲ့ 7-Eleven အပါအဝင် ကုမ္ပဏီတွေ ကို ဂျပန်မှ ကြက်ဥနဲ့ ဆက်စပ်ပစ္စည်းများရောင်းချခြင်း ရပ်ဆိုင်းဖို့ (သို့မဟုတ်) ၎င်းတို့စျေးနှုန်းများ တိုးမြှင့်ဖို့ တွန်းအားပေးစေခဲ့ပါတယ်။ အာဏာပိုင်များဟာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားစဉ်အတွင်း စွန့်ပစ်ရတဲ့ ကြက် အသေကောင်များကို စီမံခန့်ခွဲဖို့ အစီအစဉ်များ ရှိတတ်ပေမယ့်လည်း စွန့်ပစ်ရမယ့် ကြက်အရေအတွက်ဟာ မျှော်လင့်ထားတာထက် ပိုများလာတာကြောင့် စွန့်ပစ်ဖို့မြေနေရာ အခက်အခဲရှိနေကြောင်း NHK က ဆိုပါတယ်။ အချို့ ဒေသများမှာလည်း ကြက်သေများကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Related Posts