ချယ်လ်ဆီးမှာ မိမိအသင်းဖစ်တာကြောင့် ယာယီနည်းပြလုပ်ဆောင်ရန် လက်ခံဟု လမ်းပတ်ပြောကြား

102

ချယ်လ်ဆီးအသင်း၏ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံခဲ့ရသည့် ကစားသမားနှင့် နည်းပြဟောင်း လမ်းပတ်က ချယ်လ်ဆီးမှာ မိမိ၏အသင်းဖြစ်သောကြောင့် ကမ်းလှမ်းမှုကို အလွယ်တကူလက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


လမ်းပတ်သည် ချယ်လ်ဆီးအသင်းတွင် ပွဲပေါင်း(၆၀၀) ကျော် ကစားပေးခဲ့သူဖြစ်သလို၊ ၂၀၁၉ ဇူလိုင်မှ ၂၀၂၁ ဇန်နဝါ ရီအထိ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။


ချယ်လ်ဆီးအသင်းသည် နည်းပြ ဂရေဟမ်ပေါ်တာကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် တရားဝင်နည်းပြသစ် ခန့်အပ်မှုကို လာမည့်နွေရာသီမှ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။


လမ်းပတ်သည် အဲဗာတန်အသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုအတွက် အံ့အားသင့်မိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။


''ချယ်လ်ဆီးအသင်းက ဆက်သွယ်လာaတာ့ အံ့အားသင့်ခဲ့မိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရတာတော့ ကျွန်တော့်အတွက် လွယ်ကူပါတယ်။ ဒါက ကျွန်တော့်အသင်းပဲလေ။ ချယ်လ်ဆီးက ထွက်ခွာလာခဲ့ချိန်နဲ့ အခြေအနေချင်း မတူတော့ပေမဲ့ ရာသီကုန်အထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် ပြန်လာခဲ့တာပါ။ အခုလို အခွင့်အရေးရတဲ့အတွက် ကျေနပ်မိသလို၊ ကျေးဇူးတင်ပါတယ်။ အသင်းရဲ့လူစာရင်း၊ လေ့ကျင့်ရေးကွင်း၊ ကစားကွင်းနဲ့ ပရိသတ်တွေအားလုံးက ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်ထားပြီးသားပါ။ ကျွန်တော် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ''ဟု လမ်းပတ်က ပြောကြားခဲ့သည်။


လမ်းပတ်သည် ယာယီနည်းပြအဖြစ် ခန့်အပ်ခံရသည့် ကြာသပတေးနေ့တွင်ပင် အသင်းနှင့်အတူ လေ့ကျင့်မှုစတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


လမ်းပတ်သည် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ပွဲကျန်(၉)ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ တာဝန်ယူကိုင်တွယ်သွားရမည်ဖြစ်ပြီး ပွဲကျပ်များ ဆက်တိုက်ရင်ဆိုင်သွားရမည်ဖြစ်သည်။

Related Posts