လူတွေကိုအဆိပ် ခပ်သတ်ပီး ခြံထဲမှာမြှုပ်ထားခဲ့တယ်လို့အင်ဒိုနီးရှားနတ်ဆရာ ဝင်ခံ

လူတွေကို အဆိပ်ခပ်သတ်ပြီး ခြံထဲမှာ မြှုပ်ထားခဲ့တယ်လို့ အင်ဒိုနီးရှားနတ်ဆရာ ဝန်ခံ
အင်ဒိုနီးရှားမှာ နတ်ဆရာတစ်ယောက်ရဲ့ ခြံဝန်းထဲက ရုပ်အလောင်းအများအပြား တူးဖော်တွေ့ရှိခဲ့ပြီး အနည်းဆုံး လူ ၁၂ ယောက်ကို သတ်ဖြတ်မှုနဲ့ သူ့ကို စွဲချက်တင်ထားတယ်။ နတ်ဆရာကလည်း လူသတ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်။
အသက် ၄၅ နှစ်ရှိတဲ့ နတ်ဆရာ တိုဟာရီက မှော်အစွမ်းနဲ့ ငွေတွေ ပွားပေးမယ်ဆိုပြီး လူတွေကို အယုံသွင်းတယ်။ ငွေတွေ ပွားမလာတဲ့အပြင် သူတို့ပေးထားတဲ့ ငွေတွေပါ ပြန်မရလို့ လူတွေက နတ်ဆရာအိမ်ကို လာတောင်းကြတဲ့အခါ အဆိပ်ခတ်ပြီး အသတ်ခံခဲ့ကြရတာပါ။
အခုနောက်ဆုံး အသတ်ခံခဲ့ရသူက ပါယန်တိုလို့ အမည်ရတယ်။ ပါယန်တိုက မတ်လ ၂၄ ရက်ကတည်းက မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာပါ။ တကယ်လို့ မတ်လ ၂၆ ရက်နေ့မှ သူ အိမ်ပြန်မရောက်ရင် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ပါဆိုပြီး ပါယန်တိုက သူ့သားကို WhatsApp ကနေ မက်ဆေ့ ပို့ခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးတည်နေရာက တိုဟာရီရဲ့ နေအိမ်ပါပဲ။
ပါယန်တိုရဲ့သားက တိုင်ချက်ဖွင့်လို့ ရဲတွေက တိုဟာရီရဲ့အိမ်ကို ရှာဖွေကြတဲ့အခါ သူ့နေအိမ် ခြံဝင်းမှာ တွင်းတိမ်တိမ်တူးပြီး မြှုပ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာပါ။ တချို့တွင်းတွေထဲမှာတော့ ရုပ်အလောင်း ၂ လောင်း၊ ၃ လောင်းကို အတူတကွ မြှုပ်ထားတာ တွေ့ရတယ်။ တွင်းတိုင်းမှာ ရေဘူးတစ်ဘူးစီ ထည့်ပေးထားတယ်။ သေဆုံးသူတွေဟာ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအရွယ်ရှိသူတွေပါ။ သူတို့ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဒဏ်ချက် ရထားပုံ မတွေ့ရပါဘူး။
Ref: Indonesia shaman accused of killing at least 12 people