မင်းသားကြီး ဂျော်နီဒပ် ရဲ့ တရားရင်ဆိုင်မှုအပီး ပထမဆုံး ဇာတ်ကားဖစ်တဲ့ "Jeanne du Barry "

မင်းသားကြီး ဂျော်နီဒပ် ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်သမိုင်းဝင်ဒရာမာဇာတ်ကားဖြစ်တဲ့ “Jeanne du Barry” ကို လာမဲ့ မေလမှာ ကျင်းပတော့မဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်အတွက် အဖွင့်ရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားခဲ့ပြီး ဒီဇာတ်ကားဟာ ဂျော်နီဒပ် ရဲ့ ဇနီးဟောင်း အမ်ဘာဟတ်ကို ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနဲ့ တရားရင်ဆိုင် အနိုင်ရခဲ့ပြီးတဲ့နောက်မှာ ပထမဆုံးထွက်ရှိလာမဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
ဂျော်နီဒပ်က ပြင်သစ်ဘုရင် Louis XV အနေနဲ့ သရုပ်ဆောင်ထားတဲ့ “Jeanne du Barry” ဇာတ်ကားဟာ ဂျော်နီဒပ်ရဲ့ နောက်ဆုံးရုပ်ရှင် ထွက်ရှိပြီး သုံးနှစ်အတွင်းမှာ ပထမဆုံးထွက်ရှိလာတာဖြစ်ပြီး ဂျော်နီဒပ်ရဲ့ တစ်ကျော့ပြန်ရုပ်ရှင်လည်း ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ဘာလင်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ “Minamata” ဇာတ်ကားဟာ ဂျော်နီဒပ်ရဲ့ နောက်ဆုံး ထွက်ရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က ဂျော်နီဒပ်ဟာ သူ့ကို “အမျိုးသမီးအား ကိုယ်ထိလက်ရောက် ကျူးလွန်သူ” လို့ ရေးသားခဲ့တဲ့ The Sun သတင်းစာကို အသရေဖျက်မှုနဲ့ တရားရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့ပြီး လန်ဒန် တရားရုံးချုပ်ကလည်း အကြိမ်ကြိမ်ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ အမိန့်ချခဲ့တာကြောင့် ဟယ်ရီပေါ်တာ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ “Fantastic Beasts” ရုပ်ရှင်မှ ထုတ်ပယ်ခံခဲ့ရပြီး ဟောလိဝုဒ်ရုပ်ရှင်လောက ကနေလဲ ပယ်ချခံခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ သူဟာ အနုပညာစင်မြင့်ပေါ် ပြန်လည်ရောက်ရှိလာပါတယ်။
အခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ မင်းသား လီယိုနာဒို ဒီကာပရီယို ပါဝင်သရုပ်ဆောင်ထားတဲ့ “Killers of the Flower Moon” ရုပ်ရှင်ကိုလည်း ပြသသွားမယ်လို့ သိရပါတယ်။