မူဆယ်မှာ ဖရဲသီးတင်လာတဲ့ ၁၂ ဘီးကား တိမ်းမှောက်

71

မူဆယ်မှာ ဖရဲသီးတင်လာတဲ့ ၁၂ ဘီးကား  တိမ်းမှောက် မှု ဖြစ်ပြီး ကားခေါင်းထဲညပ်နေတဲ့ ယာဉ်မောင်းကို အသက်ရှင်လျက်ကယ်တင်လိုက်ရ

.....................

ဧပြီလ ၆


မူဆယ်မှာ ဖရဲသီးတင်လာတဲ့ ၁၂ ဘီးကား  တိမ်းမှောက်မှု ဖြစ်ပြီး ကားခေါင်းထဲညပ်နေတဲ့ ယာဉ်မောင်းကို အသက်ရှင်လျက်ကယ်တင်လိုက်ရတယ်လို့ မီးသတ်က ပြောပါတယ်။ 


ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းကရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စု၊ ပန်ဂျလော့ရွာအနီး၊ မိုင်တိုင်အမှတ် (၂၅၄/၆)နှင့်(၂၅၄/၇) ဂုန်းဆင်းတွင် ဖရဲသီးများသယ်ဆောင်လာသော (၁၂)ဘီး(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။ 


ယင်းဖြစ်စဉ်တွင်  ယာဉ်မောင်းအမျိုးသားဖြစ်သူမှာ  ကားခေါင်းခန်းအတွင်းညပ် နေသည့် ယာဉ်မောင်းထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)ကို ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာ့နှလုံးသား လူမှုကူညီရေးယာဉ်ဖြင့် မူဆယ်မြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ် လို့ဆိုပါတယ်။


အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို  ကွတ်ခိုင်မြို့နယ်မီးသတ်စခန်းနှင့်နမ့်ဖက် ကာနယ်မြေမီးသတ်စခန်းတို့မှ  တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ လည်း မီးသတ်က ပြောကြားထားပါတယ်။

Related Posts