မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမြင့်တက်လာနိုင်ကြောင်း သိရ

ယွန်း (NP News) - ဧပြီ ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေအရ အပူချိန် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းမှ ဆိုသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုအနေအထားအရ ပိုပူလာနိုင်ပါတယ်။ အပူဆုံးနေရာတွေဖြစ်တဲ့ အလယ်ပိုင်းဒေသတွေမှာဆို လက်ရှိမှာ ၄၂ ဒီဂရီလောက်ကို ပူနေတာပေါ့။ ပုံမှန်အရဆိုရင်တော့ နောက်ထပ် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ကို ထပ်တိုးလာဦးမှာပါ” ဟု ဦးလှထွန်းက NP News ကို အသိပေးပြောဆိုထားသည်။
အပူချိန်မြင့်တက်မှုများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဥ်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော သာမန်ထက် အပူချိန် ပိုမိုမြင့်တက်မှုများသည် သင်္ကြန်ကာလအပြီးတွင် ပိုလာနိုင်ကြောင်း သိရသည်။
“ဒီရာသီက နွေရာသီလေ ပူတဲ့ရာသီလည်းဖြစ်နေတယ်။ အခုဆိုရင် ဧပြီပေါ့ နွေလလယ်ရောက်သွားပြီ။ အခုက သင်္ကြန်ကာလ မတိုင်မီ ကာလမှာ သိပ်မပူသေးဘူး။ သင်္ကြန်ကာလပြီးတာနဲ့ ပိုပူလာမှာပါ” ဟု မိုးဇလမှ ညွှန်ကြားရေးမှူးမှ ဆက်လက်ပြောဆိုထားသည်။
အပူချိန်မြင့်မားလာမှုကြောင့် အပူရှပ်သည့် ဖြစ်စဥ်များကို မဖြစ်အောင် ဂရုပြုနေထိုင်သင့်ပြီး အပူဆုံးအချိန်များဖြစ်သည့် နေ့လည်(၁၂)နာရီနှင့် နေ့လည်(၃)နာရီ အချိန်များတွင် အပြင်ထွက်ခြင်း မပြုရန် ညွှန်ကြားရေးမှူး ဦးလှထွန်းမှ အကြုံပြုပြောဆိုထားသည်။
အလားတူ အပူချိန်မြင့်မားလာမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဌာနအနေဖြင့်လည်း ကြိုတင်သတိပြုနေထိုင်သင့်သည့် အချက်များကို အသိပေးကြေညာလျက်ရှိကြောင်း တွေ့ရသည်။
zawgyi version
နိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်ဟုဆို
ယွန်း (NP News) - ဧပြီ ၁၁
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သင်္ကြန်ကာလအပြီးတွင် အပူချိန်ပိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေအရ အပူချိန် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းမှ ဆိုသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီဥတုအနေအထားအရ ပိုပူလာနိုင်ပါတယ်။ အပူဆုံးနေရာတွေဖြစ်တဲ့ အလယ်ပိုင်းဒေသတွေမှာဆို လက်ရှိမှာ ၄၂ ဒီဂရီလောက်ကို ပူနေတာပေါ့။ ပုံမှန်အရဆိုရင်တော့ နောက်ထပ် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ကို ထပ်တိုးလာဦးမှာပါ” ဟု ဦးလှထွန်းက NP News ကို အသိပေးပြောဆိုထားသည်။
အပူချိန်မြင့်တက်မှုများသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော သာမန်ထက် အပူချိန် ပိုမိုမြင့်တက်မှုများသည် သင်္ကြန်ကာလအပြီးတွင် ပိုလာနိုင်ကြောင်း သိရသည်။
“ဒီရာသီက နွေရာသီလေ ပူတဲ့ရာသီလည်းဖြစ်နေတယ်။ အခုဆိုရင် ဧပြီပေါ့ နွေလလယ်ရောက်သွားပြီ။ အခုက သင်္ကြန်ကာလ မတိုင်မီ ကာလမှာ သိပ်မပူသေးဘူး။ သင်္ကြန်ကာလပြီးတာနဲ့ ပိုပူလာမှာပါ” ဟု မိုးဇလမှ ညွှန်ကြားရေးမှူးမှ ဆက်လက်ပြောဆိုထားသည်။
အပူချိန်မြင့်မားလာမှုကြောင့် အပူရှပ်သည့် ဖြစ်စဉ်များကို မဖြစ်အောင် ဂရုပြုနေထိုင်သင့်ပြီး အပူဆုံးအချိန်များဖြစ်သည့် နေ့လည်(၁၂)နာရီနှင့် နေ့လည်(၃)နာရီ အချိန်များတွင် အပြင်ထွက်ခြင်း မပြုရန် ညွှန်ကြားရေးမှူး ဦးလှထွန်းမှ အကြုံပြုပြောဆိုထားသည်။