ထိုင်းနိုင်ငံ၏တိရစ္ဆာန်ဥယျာဉ်အဖွဲ့သည် ဗီယက်နမ်ရှိမျိုးသုဥ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော Eastern Sarus အမျိုးအစား ကြိုးကြ

ထိုင်းနိုင်ငံ၏တိရစ္ဆာန်ဥယျာဉ်အဖွဲ့သည် ဗီယက်နမ်ရှိမျိုးသုဥ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော Eastern Sarus အမျိုးအစား ကြိုးကြာများ၏အရေအတွက်တိုးပွားလာစေရန် ဗီယက်နမ်တိရစ္ဆာန်ဥယျာဉ်အသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ အဆိုပါပူးပေါင်းဆောင်ရွက်မှု၌ ဗီယက်နမ်နိုင်ငံ နုန်ဖတ်ပြည်နယ်ပြည်သူ့ကော်မတီနှင့် နိုင်ငံတကာကြိုးကြာဖောင်ဒေးရှင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီကြိုးကြာလေးတွေကို မျိုးသုဉ်းလုဆဲအခြေအနေကနေ သူတို့ရဲ့သဘာဝနေရင်းအတိုင်းပြန်ပို့နိုင်အောင်လုပ်နေပြီး သူတို့လေးတွေကောင်းကင်မှာ ဆက်လက်ပျံသန်းနိုင်အောင်လည်း ကြိုးစားနေပါတယ်” ဟုဆိုသည်။
သို့သော်ဗီယက်နမ်ရှိ Eastern Sarus အမျိုးအစားကြိုးကြာအရေအတွက်သည် မျိုးသုဉ်း ပျောက်ကွယ်ရန်အန္တရာယ်ရှိနေဆဲဖြစ်ပြီး နှစ်နိုင်ငံသဘောတူညီချက်သည် ဗီယက်နမ်ရှိ ရှားပါးငှက်ထိန်းသိမ်းရေးအမျိုးသားဥယျာဉ် Tram Chim ၌ ကြိုးကြာကောင်ရေ တိုးတက်စေရန်လည်းရည်ရွယ်ခြင်းဖြစ်သည်။
လက်ရှိတွင် ဗီယက်နမ်၌ Eastern Sarus ကြိုးကြာအရေအတွက်သည် ကောင်ရေ ၁,၀၀၀ မှ ၁,၅၀၀ ကြားသာရှိပြီး အရှေ့တောင်အာရှရှိ အရေးအပါဆုံးအရေအတွက်လည်းဖြစ်သည်။
အဆိုပါကြိုးကြာမျိုးစိတ်များသည် ကျက်စားရာနေရာများဆုံးရှုံးခြင်း၊ အမဲလိုက်ခံရခြင်းနှင့် ခိုးယူခံရခြင်းစသည့်အချက်များကြောင့် ဒေသတွင်း၌သာမက ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုနှင့်ပါ ရင်ဆိုင်နေကြရသည်ဟုလည်းဆိုသည်။
Source : The Thaiger