ထောက်ကြန့်မြို့ရှောင်လမ်း တွင် ကားကြိတ်ခံရတာအမျိုးသားတစ်ဦးသေဆုံး

Pearl (NP News) - ဧပြီ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းတွင် ကားကြိတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၆ ရက်)၊ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မြို့ရှောင်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၊ ဖောင်တော်ဦးရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းတွင် နေထိုင်သော အသက် (၃ဝ)နှစ် ဝန်းကျင်ရှိ အမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်သည် အခြားဆိုင်ကယ်တစ်စီးနှင့် ချိတ်ကာ ၁ဝ ဘီကားအောက်သို့ရောက်ရှိ၍ ကားကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
" သူက မနက်ခင်းအလုပ်သွားတာ၊ အလုပ်က အဲဒီနားမှာပဲ၊ ဆိုင်ကယ်ချင်းချိတ်ပြီး ၁ဝ ဘီးကောက်အောက်ကို ဝင်သွားတာ၊ နေရာမှာပဲ ဆုံးသွားတယ်" ဟု လူမှုနှင့်နာမှုကူညီရေးအသင်း(ပဲခူးမြို့)၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၎င်းတွင် ခြေထောက်ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။