သင်္ကြန်ကာလအတွင်း စက်သုံးဆီဖူလုံမှုရှိစေရန် အတွက် ဂါလန်သန်း (၆၀) တင် သင်္ဘောများ ဧပြီလ (၁၆) ရက်နေ့မတိုင်မီ ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ကပ်မည်

သင်္ကြန်ကာလအတွင်း စက်သုံးဆီဖူလုံမှု ရှိစေရန်အတွက် ရည်ရွယ်တင်သွင်းသည့် စက်သုံးဆီဂါလန် သန်း (၆၀) တင် သင်္ဘောများ ဧပြီလ (၁၆) ရက်နေ့မတိုင်မီ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ချိန် (၂) သိန်းကျော် ဝန်ရှိသည့် စက်သုံးဆီဂါလန်း သန်း (၆၀) ခန့်ကို ဆီတင်သင်္ဘော (၁၃) စင်းနှင့် သယ်ဆောင်ဆိုက်ကပ်လာမည်ဟု စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ ပြန်ကြားရေးတာဝန်ရှိသူက နိုင်ငံပိုင်သတင်းစာသို့ပြောကြားထားသည်။
လစဉ် စက်သုံးဆီတင် သင်္ဘောအစီးရေ (၃၀) နှင့်အထက် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်နေပြီး ပြီးခဲ့သည့် မတ်လအတွင်း ဆီတင်သင်္ဘောအစင်းရေ (၃၂) စင်း ဝင်ရောက်ခဲ့ပြီး ဆီအတင်အချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။
ဆီတင်သင်္ဘောတွေအနေဖြင့် စင်ကာပူ၊ မလေးရှားတို့ကနေ ကုန်တင်လုပ်ငန်းပြီးစီးမှသာ မြန်မာဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလတွင်လည်း စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေပြီး စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ စင်ကာပူနိုင်ငံကနေ အများဆုံး တင်သွင်းနေရကြောင်း သိရသည်။