တရုတ် ပြင်သစ် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ တို့ ပေးကျင်းတွင် ၃ ပွင့်ဆိုင်ဆွေးနွေး

70

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)


တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၆ ရက် ညနေပိုင်းက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။



တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် ၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဧပြီ ၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်-ဥရောပသည် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားရှိရာ ပူးပေါင်းဆောင်ရွက်မှုက ယှဉ်ပြိုင်မှုထက်ပို၍ ကြီးမားသလို သဘောတူညီမှုက ကွဲလွဲမှုထက်ပို၍ များပြားကြောင်း ပြောကြားခဲ့သည်။ လက်ရှိ နိုင်ငံတကာ အခြေအနေ အပြောင်းအလဲများ ရှုပ်ထွေးလျက်ရှိရာ တရုတ်-ဥရောပအနေဖြင့် အပြန်အလှန်လေးစားမှုကို ခိုင်မာစွာ ထားရှိ၍ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်၍ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ၊ ယခုနှစ်သည် တရုတ်-ဥရောပသမဂ္ဂ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၂၀ ပြည့် ကာလဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးဟူသော ဦးတည်ချက်ကြီးကို အဓိက ထား၍ အလွှာအသီးသီးဆက်ဆံမှုများကို ဘက်စုံ ပြန်လည်ဆောင်ရွက်သွားလိုကြောင်း၊ ကဏ္ဍအသီးသီးရှိ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို အသက်သွင်းကာ တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းသွားလိုကြောင်း ပြောကြားခဲ့သည်။


သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေး၏ တည်ငြိမ်မှုကို အားဖြည့်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အခြားတတိယတစ်ဖက်ကို ဦးတည်ခြင်း၊ မှီခိုခြင်း၊ ထိန်းချုပ်ခံရခြင်း မရှိကြောင်း ၊ တရုတ်-ဥရောပ သမဂ္ဂ ဆက်ဆံရေးကို တရုတ်နိုင်ငံက မဟာဗျူဟာအဆင့်နှင့်ရေရှည်ရှုထောင့်မှ အစဉ်အမြဲ ထားရှိရာ ဥရောပအပေါ် ထားရှိသော မူဝါဒသည် တည်ငြိမ်မှုနှင့် ချိတ်ဆက်မှု ရှိကြောင်း ၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံအပေါ် ထားရှိသော အသိအမြင်သည် ပို၍လွတ်လပ်မှု၊ ဓမ္မဓိဋ္ဌာန်ကျမှု ရှိရန်၊ ပို၍လက်တွေ့ကျပြီး အပြုဆောင်သော တရုတ်နိုင်ငံအပေါ်ထားရှိသော မူဝါဒများကို ကျင့်သုံးဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၊ ဗဟိုအကျိုးစီးပွားနှင့်အရေးကြီးဂရုပြုသောကိစ္စရပ်များကို အပြန်အလှန်လေးစားကာ တွေ့ဆုံဆွေးနွေးမှုဖြင့် ကွဲလွဲမှုများ ပပျောက်အောင် တူညီမှုများကို စုစည်းရမည်ဖြစ်ကြောင်း၊ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို အပြန်အလှန်လေးစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးနှင့် ဥရောပတစ်သားတည်းဖြစ်ရေးသည် နှစ်ဘက်အနေဖြင့် အနာဂတ်ကို ရှုမြော်သော မဟာဗျူဟာ ရွေးချယ်မှုဖြစ်ရာ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွင် ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ရမည် ဖြစ်ကြောင်း ၊ တရုတ်ပြည်သူများသည် မိမိနိုင်ငံနှင့်ကိုက်ညီသော မှန်ကန်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာတွေ့ခဲ့သည့်အတွက်လည်း ဂုဏ်ယူလျက်ရှိကြောင်း၊ နှစ်ဘက်အနေဖြင့် မတူညီမှုများကိုထားရှိကာ တူညီမှုများကိုရှာဖွေခြင်း၊ အပြန်အလှန်သဘောထားကြီးလက်ခံခြင်း၊ အပြန်အလှန် တန်ဖိုးထားခြင်း၊ အပြန်အလှန်သင်ယူလေ့လာခြင်း ၊ အပြန်အလှန်တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း၊ “ဒီမိုကရေစီဆိုတာ အာဏာရှင်ကို ဆန့်ကျင်ရေး”ဟူသော အဆိုနှင့် “စစ်အေးခေတ်သစ်”ကို လှုံ့ဆော်ခြင်းများက ကမ္ဘာကို ကွဲလွဲမှုနှင့်ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ ဖြစ်ပွားစေမည် ဖြစ်ကြောင်း၊ ပွင့်လင်း၍အပြန်အလှန်ယုံကြည်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။


တရုတ်-ဥရောပသည် နှစ်ဘက်တံခါးဖွင့်ထား၍ တစ်ဘက်၏ကုမ္ပဏီလုပ်ငန်းများအတွက် တရားမျှတ၍ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးရမည်ဖြစ်ရာ ကုန်သွယ်စီးပွားကဏ္ဍများ နိုင်ငံရေးနှင့်လုံခြုံရေးအသွင်ပြောင်းမှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း ၊ နှစ်ဘက်အနေဖြင့် တည်ငြိမ်၍ အပြန်အလှန် ယုံကြည်မှုရှိသော ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အဆိုပြုချက်နှင့် “Global Gateway”မဟာဗျူဟာ ချိတ်ဆက်ကာ နှစ်ဘက်စီးပွားရေး စဉ်ဆက်မပြတ်တည်ငြိမ်စွာတိုးတက်ရေးကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ အတူဆွေးနွေး ၊အတူတည်ဆောက်၊ အတည်တူမျှဝေသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်ကို အစဉ်အမြဲလက်ကိုင်ထားရာ ဘက်ပေါင်းစုံရေးရာများတွင် ဥရောပနှင့်အတူ ညှိနှိုင်းပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားလိုကြောင်း၊ နိုင်ငံတကာ ဥပဒေကို အခြေခံသော နိုင်ငံတကာအခင်းအကျင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ရည်ရွယ်ချက်နှင့်မူဝါဒများကို နိုင်ငံတကာဆက်ဆံရေး အခြေခံမူများအဖြစ် ထားရှိကာ ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်ကို အတူကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂသည် ကမ္ဘာ့တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အတူကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒ၊ “ကွင်းဆက်ဖြတ်တောက်မှု”များကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

နှစ်ဘက်အနေဖြင့် မက်ခရိုစီးပွားရေးနှင့်ဘဏ္ဍာရေးမူဝါဒ ညှိနှိုင်းဆွေးနွေးမှုများကို အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ အစိမ်းရောင် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိမ်းရောင်ဘဏ္ဍာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာ၊ သန့်စင်စွမ်းအင် စသည့်ကဏ္ဍများ၌ တွေ့ဆုံဆွေးနွေးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်ဘက်အနေဖ

Related Posts