ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယမန်နေ့ (ဧပြီ ၉) ညပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး DYNA အမျိုးအစားယာဉ်အား နောက်မှ ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယမန်နေ့ (ဧပြီ ၉) ညပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး DYNA အမျိုးအစားယာဉ်အား နောက်မှ ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၆/၀)တွင် ယမန်နေ့ည ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က DYNA အမျိုးအစားယာဉ်အား ရွှေရည်ဖူးပွင့်ခရီးသည်တင် ယာဉ်က နောက်မှဝင်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” ခရီးသည်တင်ယာဉ်က ကုန်တင်လာတဲ့ DYNA ကားကို နောက်ကနေ၀င်တိုက်မိတာ၊ DYNA ကား အနောက်ပိုင်းထိတယ်၊ ခရီးသည်တင်ယာဉ်ကတော့ ခေါင်းခန်းပျက်စီးသွားတယ်၊ ထိခိုက်ဒဏ်ရာ ရတာတော့မရှိပါဘူး” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါ၀င်ခဲ့သူ တစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရပြီး ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၅)ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။