ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် YBS ကားကိုတားစဉ် ကားကြိတ်မိ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စော (NP News) - ဧပြီ ၁ဝ

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၁ဝ ရက်)၊ ညနေ (၅)ခွဲဝန်းကျင်အချိန်ခန့်တွင် လှိုင်မြို့နယ်၊ ဗဟိုလမ်းမ၊ မြတ်လေးရုံလမ်းထိပ်၌ ဖြစ်ပွားခဲ့ကြောင်း အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ သိရသည်။
“ လိုင်းကားကို တားတာတဲ့။ ကားသမားကမမြင်ဘဲ တက်ကြိတ်မိတာ။ မှတ်တိုင်လားဘာလားတော့ ကျွန်တော်မသိဘူး။ အသက်ကတော့ (၆ဝ)ဝန်းကျင်လောက်ရှိပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားပါတယ်။ သမီးဖြစ်သူနဲ့တော့ အဆက်အသွယ်ရပါတယ်”ဟု အေးရိပ်မွန်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ကိုပြောသည်။
ဗဟိုလမ်း၌ ပြေးဆွဲနေသည့် YBS 22 ခရီးသည်တင်ယာဉ်သည် အသက်(၆ဝ)အရွယ်အမျိုးသားတစ်ဦးအား ကားဖြင့်တိုက်မိကာ ကားဘီးဖြင့် ဦးခေါင်းအားကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသားအား ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း အေးရိပ်မွန်လူမှုကူညီရေးအသင်းမှ ဆိုသည်။
zawgyi version
YBS ကားကို တားစဉ် ကားကြိတ်မိ၍ အမျိုးသားတစ်ဦးသေဆုံးမှု လှိုင်မြို့နယ်တွင် ဖြစ်ပွား