ရှင်သန်ဖို့ခက်ခဲလာတဲ့တစ်နေ့ "ဘိုးဘွားရိပ်သာ " သွားကျဖို့ တိုင်ပင်ထားပါတယ်

" အဖွားတို့လင်မယားက ခေါက်မုန့် , ကီးမား , မုန့်လက်ကောက် , မုန့်လင်မယား စတာတို့ကို လှည့်လည်ပြီး လိုက်ရောင်းပါတယ်။ အဖိုးကတော့ လိုက်မရောင်းနိုင်လို့ အဖွားကို အစစအရာရာ ဝိုင်းလုပ်ပေးပြီး ပံ့ပိုးပေးသူပါ။ ရှာဖွေရတာ ခက်ခဲတာမို့ နေ့သွင်းနဲ့ အကြွေးယူရပါတယ်။ ရှက်ရှက်နဲ့သာ ပြောရရင် အဖွားမှာ အကြွေးတစ်သိန်းရှိပါတယ် "
..... လို့ဆိုပြီး ဘဝကို တူနှစ်ကိုယ် မခွဲမခွာ ဝမ်းရေးအတွက် ဖြေရှင်းရုန်းကန်နေတဲ့ လှိုင်သာယာမြို့နယ် ၊ (၉) ရပ်ကွက် ၊ မြဝတီလမ်းမှာ နေထိုင်ကြသော အသက် (၇၈) နှစ်အရွယ် အဖွား ဒေါ်ချိုချို ၊ အသက် (၈၇) နှစ်အရွယ် အဖိုး ဦးမောင်ထွန်းတို့ ဇနီးမောင်နှံနဲ့ရှင်သန်ဖို့ခက်ခဲလာတဲ့တစ်နေ့ " ဘိုးဘွားရိပ်သာ " သွားကြဖို့" လင်မယားနှစ်ယောက်လုံး " တိုင်ပင်ထားပါတယ်