ရွှေတိဂုံစေတီတော်မြတ်ကြီးအား မိုင်းဖုန်းဆရာတော်ကြီးကြွ‌ရောက် ဖူးမြှော်ကြည်ညို

102

ရွှေတိဂုံစေတီတော်မြတ်ကြီးအား မိုင်းဖုန်းဆရာတော်ကြီးကြွ‌ရောက် ဖူးမြှော်ကြည်ညို


ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဧပြီ (၇) ရက်ည (၉) နာရီခွဲတွင် ကြွရောက်ဖူးမြှော်ခဲ့ကြောင်း သိရသည်။


ဆရာတော်ကြီးသည် စေတီတော်ရင်ပြင်တော် တနင်္ဂနွေထောင့်နှင့် အထက်ပစ္စယံတို့မှနေ၍ ဖူးမြှော်ကြည်ညိုခဲ့ပြီး ရင်ပြင်တော် အင်္ဂါထောင့်တွင် လာရောက်ဖူးမြှော်သူများအား တရားဒေသနာတော်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မိုင်းဖုန်းဆရာတော်ကြီးသည် ည (၁၀) နာရီခွဲခန့်တွင် ရွှေတိဂုံစေတီတော်ကြီးမှ ပြန်လည်ကြွချီတော်မူသွားခဲ့သည်။


မိုင်းဖုန်း ဆရာတော်ဘုရားကြီး ရွှေတိဂုံဘုရားသို့ ကြွရောက်ခဲ့သည့် မြင်ကွင်းပုံရိပ်များအား ကြည်ညိုသဒ္ဒါပွားများနိုင်ကြစေရန်ရည်သန်၍ စုစည်းဖော်ပြလိုက်ရပါသည်။


Photo – ထွန်းထွန်းခိုင်

Related Posts